နည်းပြသစ် ပိုချက်တီနိုက ကမ္ဘာ့ဖလားရရန် ပစ်မှတ်ထားဟု ပြော

15 Sep

အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနိုက အမေရိကန်အမျိုးသမီးအသင်းလိုပဲ ကမ္ဘာ့ဖလားကိုရယူနိုင်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့က အမေရိကန်နည်းပြသစ်အဖြစ် မိတ်ဆက်ပွဲမှာ ပိုချက်တီနိုက အခုလိုပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန်အသင်းနဲ့အတူ နိုင်ပွဲတွေ ရယူနိုင်ဖို့အတွက် နည်းပြအဖြစ် ရောက်ရှိလာခဲ့တာဖြစ်သလို နိုင်ပွဲ တွေ ရယူနိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိထားဖို့ လိုအပ်ကြောင်း ပိုချက်တီနိုက ပြောသွားခဲ့ပါတယ်။ အမေရိကန် အမျိုးသားအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက အမြင့်မား ဆုံး အောင်မြင်မှုဖြစ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း ၁၆ သင်းအဆင့်နဲ့သာ ထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်အမျိုးသမီးအသင်းကတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၄ ကြိမ်အထိ ရရှိထားခဲ့တာ ကြောင့် အမျိုးသားလက်ရွေးစင်အသင်းသားတွေအနေနဲ့ အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုတွေကို ဥပမာယူပြီး ကြိုးစားကြရင် ဖြစ်နိုင်တယ်လို့ ပိုချက်တီနိုက ပြောသွားခဲ့တာပါ။ အသက် ၅၂ နှစ်အရွယ် ပိုချက်တီနိုအတွက် အခု အမေရိကန်နည်းပြရာထူးက လက်ရွေးစင်အသင်းတစ်သင်းကို ပထမဆုံးအကြိမ်တာဝန်ယူခဲ့တာလည်း ဖြစ်ပါ တယ်။(NVS 008)

15 Sep

ADVERTISE HERE .