နေပြည်တော်တွင် ပျက်စီးသွားတဲ့ တံတားများကို ပြင်ဆင်

15 Sep

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးသွားတဲ့ တံတားတွေကို ယာယီ ဘေလီ တံတားထိုးပြီး ပြန်လည်ပြင်ဆင်တာနဲ့ လမ်းတွေကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။ အများပြည်သူ သွားလာရေးအဆင်ပြေစေဖို့နဲ့ လမ်းပန်း ဆက်သွယ် ရေး မပြတ်တောက်စေရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားဖို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စက်တင်ဘာလ ၁၃ ရက်က နေပြည်တော်အတွင်း ပျက်စီးသွားတဲ့လမ်း၊ တံတား တွေ အရေးပေါ် ပြန်လည်ပြင်ဆင်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး မှာကြားခဲ့ပါတယ်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၂၄၅ မိုင်၊ ၇ ဖာလုံရှိ နဝင်းချောင်းတံတား (အဆုံတံတား)နဲ့ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)တွေ ချောင်းရေတိုက်စားတာကြောင့် ပျက်စီးသွားတဲ့ တံတား ချဉ်းကပ်လမ်း၊ တံတားထိပ်ခုံနဲ့ လမ်းတာပေါင်နေရာကို ဘေလီတံတားထိုးပြီး ယာယီပြင်ဆင်ဆောင်ရွက်ပြီးစီးရင် အများပြည်သူ အသုံးပြုနိုင်ရေးဖွင့်လှစ်ပေးဖို့နဲ့ ပြုပြင်ဖို့လိုအပ်ရင် အမြန်ဆုံးပြင်ဆင်ဆောင်ရွက် ပေးသွားဖို့ ကို လည်း မှာကြားခဲ့ပါတယ်။ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းပေါ်က ဆင်သေချောင်းတံတားရဲ့ ပျက်စီးနေတဲ့ နေရာတွေကို ယာယီဘေလီတံတားထိုးပြီး ပြုပြင်နေရာ အများပြည်သူ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်ရေး အမြန်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။(NVS 003)

15 Sep

ADVERTISE HERE .