ကြီးအုံကြီးဝတမံ စိုးရိမ်ရသည့် အခြေအနေမရှိဟု ပြော

15 Sep

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံ သည် ရေပိုလွှဲမှ ရေကျော်နေသော်လည်း စိုးရိမ်ဖွယ်အခြေအနေတွင် မရှိကြောင်း ကြီးအုံကြီးဝရေလှောင်တမံက ရေကင်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၁၃ ရက် တိုင်းထွာချက်အရ ကြီးအုံကြီးဝ ရေလှောင်တမံရေပိုလွှဲမှ ၃ ဒသမ ၆ ပေခန့် ရေကျော်နေ ကြောင်း သိရပါတယ်။ ဒါပေမယ့် တမံနှင့်ဆက်စပ်အဆောက်အအုံများဟာ ကြံ့ခိုင်ကောင်းမွန်နေသောကြောင့် တမံ အောက်ဘက် မှဒေသခံများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်း အဆိုပါ တာဝန်ခံက ဆက်လက်ပြောပါတယ်။ လက်ရှိ တွင် တမံ၌ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အစိမ်းရောင်အလံ စိုက်ထူထားကာ အချိန်နှင့် တစ်ပြေးညီ အသိပေး၊ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် ကြီးအုံကြီးဝ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေ အနေများကို တမံရေကင်းတာဝန်ခံဦးစီးအရာရှိများရဲ့ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ၂၄ နာရီ ရေကင်းတာဝန်များ ကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးနေကြောင်း သိရပါတယ်။(NVS 003)

15 Sep

ADVERTISE HERE .