ဘာမင်ဂမ်အသင်း လက်ထောက်နည်းပြရာထူးမှ နုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တဲ့ အက်ရှ်လေကိုး
14 Sepအင်္ဂလန်အသင်းတွင် လက်ထောက်နည်းပြတာဝန်ထမ်းဆောင်နေတဲ့ အက်ရှ်လေကိုး က အသင်းကို အချိန်ပြည့်တာဝန်ယူနိုင်ရန်အတွက် ဘာမင်ဂမ်အသင်း လက်ထောက်နည်းပြရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ် ခဲ့ကြောင်း သိရပါတယ်။ အက်ရှ်လေကိုး အနေနဲ့ ပြီးခဲ့တဲ့ဩဂုတ်လက နည်းပြ ကာစလေ လက်အောက်မှာ တာဝန်ထမ်းဆောင်ရန် အတွက် အင်္ဂလန်အသင်း လက်ထောက်နည်းပြရာထူးကို ရယူခဲ့ပြီးနောက် လိဂ်ဝမ်းကလပ် ဘာမင်အသင်း လက်ထောက်နည်းပြတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွင် ယာယီနည်းပြ ကာစလေ နဲ့အတူ နှစ်ပွဲဆက်နိုင်ပွဲရခဲ့တာကြောင့် အင်္ဂလန်အသင်း နည်းပြတာဝန်ကိုသာ ရယူသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခံစစ်ကစားသမားဟောင်း အက်ရှ်လေကိုး ဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ ချဲလ်ဆီးအသင်းတို့တွင် ပါဝင်ကစားခဲ့ပြီး ကစားသမားဘဝမှ အနားယူချိန်တွင် နည်းပြ ကာစလေ နဲ့အတူ အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ တာဝန်ကို ထမ်းဆောင်နေခဲ့ပါတယ်။ လက်ရှိတွင် အက်ရှ်လေကိုး အနေနဲ့ လက်ရွေးစင်အသင်းကို အပြည့်အဝ အချိန်ပေးနိုင်ရန် ဘာမင်ဂမ်အသင်း လက်ထောက်နည်းပြရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီး နည်းပြ ဆောက်ဂိတ် လက်ထက်ကလည်း အင်္ဂလန်အသင်းရဲ့ အုပ်ချုပ်မှုကိစ္စရပ်များကို အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။(NVS 008)