ချဲလ်ဆီးတိုက်စစ်မှူး ဖိုဖာနာ ကို ဂေါ့တီပီအသင်း အငှားဖြင့်ခေါ်ယူ

14 Sep

တူကီယဲစူပါလိဂ်သို့ တန်းတက်ခွင့်ရရှိခဲ့တဲ့ ဂေါ့ပီတီအသင်းက အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်မှာ ချဲလ်ဆီးအသင်းမှ တိုက်စစ်မှူး ဖိုဖာနာ ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဖိုဖာနာ ဟာ ချဲလ်ဆီးအသင်း လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်က မိုဒီအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့လို့ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူကာ ယူနီယံဘာလင်အသင်း၊ ဘန်လေအသင်းတို့တွင် အငှားစေလွှတ်ခဲ့ပြီးနောက် အသင်းတွင် ပွဲထွက်ခွင့် မပေးနိုင် တာကြောင့် တူကီယဲလ်ကလပ် ဂေါ့ပီတီအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။(NVS 008)

14 Sep

ADVERTISE HERE .