ဂရင်းဝုဒ် ကို ခေါ်ယူမှုအတွက် နောင်တမရကြောင်း မာဆေးအသင်းဥက္ကဋ္ဌ ပြော
14 Sepတိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို အားလုံးနားလည်ပြီးမှ ခေါ်ယူခဲ့တာဖြစ်လို့ နောင်တရစရာမရှိဘူးလို့ မာဆေးလ်အသင်းဥက္ကဋ္ဌ လွန်ဂိုရီယာ က ပြောခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂရင်းဝုဒ် ကို မာဆေးလ်အသင်းက မန်ယူအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၆ ဒသမ ၆ သန်းနဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ဂရင်းဝုဒ် ဟာ ပြစ်မှုမှတ်တမ်းရှိထားတာကြောင့် မာဆေးလ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ မာဆေးလ်မြို့တော်ဝန်အပါအဝင် ပရိသတ်အချို့ရဲ့ ဝေဖန်တိုက်ခိုက်မှု တွေရှိခဲ့ပေမယ့် မာဆေးလ်အသင်းဟာ ဂရင်းဝုဒ် ကို ခေါ်ယူဖို့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိမှာလည်း ဂရင်းဝုဒ် ဟာ အသင်းအတွက် ခြေစွမ်းပြကစားနေတာ ဖြစ်ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ မာဆေးလ်အသင်းအတွက် ပြင်သစ်လိဂ်ပွဲ ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ခြေစွမ်းပြနေတာကြောင့် မိမိတို့ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်ဆိုတာ သက်သေပဲလို့ လွန်ဂိုရီယာ က ပြောခဲ့တာပါ။ ဂရင်းဝုဒ် ကို ခေါ်ယူဖို့အတွက် အကြိမ်ကြိမ်ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်လို့ နောင်တမရဘူးလို့လည်း လွန်ဂိုရီယာ က ပြောခဲ့ပါတယ်။(NVS 008)