မန်စီးတီးအသင်းရဲ့ အမှုကို စက်တင်ဘာလ ၁၆ ရက်တွင် ကြားနာမည်
14 Sepပရီးမီးယားလိဂ်ရဲ့စည်းမျဉ်းပေါင်း ၁၁၅ ချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အမှုကို စက်တင်ဘာလ ၁၆ ရက်မှာ စတင်ကြားနာသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ မန်စီးတီးအသင်းဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီကစတင်ကာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းပေါင်း ၁၁၅ ချက်ကို ချိုးဖျက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက တရားဝင်ထုတ်ပြန်တာကို ခံခဲ့ရတာပါ။ အဆိုပါကြားနာမှုကို စက်တင်ဘာလ ၁၆ ရက်တွင် စတင်မှာဖြစ်ပြီး ၁၀ ပတ်ခန့် ကြာမြင့်ဖွယ်ရှိကြောင်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ မန်စီးတီးအသင်းကတော့ သူတို့အနေနဲ့ ပရီးမီးယားလိဂ်က သတ်မှတ် ထားတဲ့ စည်းမျဉ်းတွေကို ကျူးလွန်ထားတာမရှိဘူးလို့ တရားဝင်ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်းကို ခံခဲ့ရပါက ရမှတ်လျှော့ပြစ်ဒဏ်အပြင် တန်းဆင်းပြစ်ဒဏ်ကိုပါ ကျခံသွားရဖွယ် ရှိနေပါတယ်။(NVS 008)
14 Sep