စက်သုံးဆီနှင့် စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း ရောင်းချပေးမည်

14 Sep

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ ၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ ကို FX Trading Platform မှတစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း စက်သုံးဆီပြတ်လပ်မှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ဩဂုတ်လအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့လို့ စက်သုံးဆီပြတ်လပ်သည့်အချိန်ဖြစ်တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ပြီး စက်သုံးဆီလုပ်ငန်းရှင် များအတွက် ဒေါ်လာသန်း ၁၀၀ ကို ဗဟိုဘဏ်မှ သီးသန့်ထုတ်ရောင်းပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ တစ်လကျော်ကာလအတွင်း ဒေါ်လာသန်း ၂၀၀ ကျော်ကို FX Trading Platform မှတစ်ဆင့် ရောင်းချပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီလို ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဒေါ်လာဈေးဆက်တိုက်ကျဆင်းခဲ့ပြီး ယခုရက်ပိုင်းမှာ ဒေါ်လာဈေးကစားသူများကြောင့် ပြန်လည်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ (NVS 003)

14 Sep

ADVERTISE HERE .