ကုန်စျေးနှုန်းသတင်း ၁၃.၉.၂၀၂၄

13 Sep

စက်တင်ဘာလ ၁၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး စားတော်ပဲဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူနဲ့ အခြားပဲအများစုဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီဈေးကတော့ ဆက်တိုက်မြင့်တက်နေပါ တယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၂,၂၈၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၅,၀၀၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၄၅၅ ကျပ်ကနေ ၆,၆၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၅၀,၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၃၁၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၅၇၅ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ပဲပုတ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၆,၃၃၀ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ငရုတ်(ဆင်ဖြူကျွန်း) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၆,၅၀၀ ကျပ်ကနေ ၁၇,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၀၀၀ ကျပ်၊ ဖျာပုံရွှေပုစွန် တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၄၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၃၀၅ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၉၅၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၅၀ ကျပ်၊ မန္တလေးမှာ ၃,၁၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၉၅ ကျပ်၊ မန္တလေးမှာ ၃,၂၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၀ ကျပ်၊ မန္တလေးမှာ ၂,၆၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၆၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၇၂၅ ကျပ်၊ မန္တလေးမှာ ၃,၃၆၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၃၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၁၁၇,၅၁၄/-) ငါးဆယ် တစ်သိန်း တစ်သောင်း ခုနစ်ထောင် ငါးရာ တစ်ဆယ် လေးကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၉၀၀,၀၀၀ိ/-) ခြောက်ဆယ် ကိုးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

13 Sep

ADVERTISE HERE .