"ပိန်းဥရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"

13 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပိန်းဥရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပိန်းဥမှာ အစာခြေလွယ်ခြင်း၊ သွေးထဲက သကြားဓာတ်ကို လျော့ကျစေခြင်း၊ ကင်ဆာကိုကာကွယ်နိုင်ခြင်း၊ အရေပြားကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှု ကောင်းစေခြင်း၊ သွေးဖိအားကျစေခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ပိန်းဥမှာ Calcium, Iron, Magnesium, Phosphorus, Potassium, Zinc နဲ့ Copper ဓာတ်တွေအပြင် အခြားအာဟာရတွေလည်း အများကြီး ပါဝင်ပါတယ်။ ပိန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ တစ်နေ့တာမှာလိုအပ်တဲ့အမျှင်ဓာတ် ၂၇% ခန့်ကို ရရှိစေပါတယ်။ လေပွခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင်အရေးပါတဲ့ antioxidants တွေအများကြီးပါဝင်ပါတယ်။ ဗီတာမင်အေ၊ စီနဲ့ အခြားသော antioxidants တွေအများကြီးပါဝင်ပြီး ခုခံအားတိုးစေပါတယ်။ ပိန်းဥမှာပါဝင်တဲ့ cryptoxanthin ဓာတ်ကြောင့် အဆုတ်ကင်ဆာနဲ့ အာခံတွင်းကင်ဆာဖြစ်ပွားနိုင်ချေကို လျော့နည်းစေပါတယ်။ ပိန်းဥစားခြင်းကြောင့် လိုအပ်တဲ့အမျှင်ဓာတ်ရရှိခြင်းကြောင့် သင့်ရဲ့သွေးထဲက glycemic levels ကိုထိန်းချုပ် ပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင် အမျှင်ဓာတ် ကြွယ်ဝတဲ့ ပိန်းဥက သင့်ကို သွေးထဲကသကြားဓာတ်ကိုလျော့ကျစေပြီး ဆီးချိုကိုထိန်းချုပ်ဖို့အကူအညီပေးပါတယ်။ ပိန်းဥက နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ပါဝင်တာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှူးတွေနဲ့ အမြှေပါးတွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် သွေးကြော တွေ၊ သွေးလွှတ်ကြောတွေမှာ ဖိအားတွေ ဖိစီးမှုတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် အာရုံကြောတွေ ချိတ်ဆက်ဖို့အဆင်ပြေစေပြီး သွေးကြောတွေကို ပြေလျော့စေလို့ သွေးဖိအားနည်းစေပါတယ်။ ဒါ့အပြင် ပိန်းဥမှာပါဝင်တဲ့ antioxidants တွေဖြစ်တဲ့ beta-carotene နဲ့ cryptoxanthin တွေကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ Vitamin E နဲ့ vitamin A ပါဝင်တာကြောင့် သင့်ရဲ့အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပြီး အနာကျက်မြန်စေပါတယ်။ အရေပြားကို ကြည်လင်ဝင်းပစေပါတယ်။ နောက်ပြီးတော့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ခုခံအားကောင်းစေတဲ့ သွေးဖြူဥတွေ ဖြစ်ပေါ်စေပါတယ်။ အခြားသော ကျန်းမာရေး အခြေအနေတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ကော့ပါးနဲ့ သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ် တစ်ခုလုံးသွေးလည်ပတ်မှု အားကောင်းစေပါတယ်။ သွေးနီဥထုတ်လုပ်ဖို့ သံဓာတ်နဲ့ ကော့ပါးက မရှိမဖြစ်အရေးပါတာကြောင့် သွေးနီဥတွေ ဖြစ်ပေါ်စေပါတယ်။ မောပန်းလွယ်ခြင်းကိုသက်သာစေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ပို့ပေးစေခြင်း၊ တစ်ခြား ကိုယ်တွင်းအင်္ဂါရပ်တွေနဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ (NVS-003)

13 Sep

ADVERTISE HERE .