“အမ်ဘာပေ အနေနဲ့ ပီအက်စ်ဂျီနှင့်အမှုကို ကျေအေးပေးရန် ငြင်းဆို”

13 Sep

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ က ပီအက်စ်ဂျီအသင်းအား တရားစွဲဆိုထားမှု အပေါ် ကျေအေးပေးနိုင်ရန် ပြင်သစ်ဘောလုံးလိဂ်ရဲ့ ကမ်းလှမ်းလာမှုကို စက်တင်ဘာလ ၁၁ ရက်က ငြင်းဆိုသွား ခဲ့ကြောင်း သိရပါတယ်။ အမ်ဘာပေ အနေနဲ့ ပီအက်စ်ဂျီအသင်းမှာကစားခဲ့စဉ်က ပေးချေရန်ကျန်ရှိနေတဲ့လစာကို အသင်းဘက်က ပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကို တရားစွဲဆိုထားတာဖြစ်ပါတယ်။ အချက်အလက်တွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေ ရဲ့ လစာ ၃ လစာအပြင် အပိုဆုကြေးတွေကို ပေးချေဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ပေါင် ၅၅ သန်း ပေးချေရမှာဖြစ်ပါတယ်။ အဆိုပါ ငွေကြေးများကို ပေးချေရန်ပျက်ကွက်ခဲ့မှုအတွက် အမ်ဘာပေ က ပီအက်စ်ဂျီအသင်းကို တရားစွဲဆို ခဲ့ရာ ပြင်သစ်ဘောလုံးလိဂ်က ကြားဝင်ညှိနှိုင်းမှုအဖြစ် အမှုကိုကျေအေးပေးဖို့အတွက် အမ်ဘာပေ ကို တောင်းဆိုခဲ့ ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ (NVS-008)

13 Sep

ADVERTISE HERE .