“ဒေါ့မွန်ကွင်းလယ်ကစားသမား ရေနာ ရက်သတ္တပတ်များစွာ အနားယူရမည်ဖြစ်”

13 Sep

ဒေါ့မွန်ကွင်းလယ်ကစားသမား ရေနာ ဟာ နိုင်ငံတကာပြိုင်ပွဲအတွက် အမေရိကန်အသင်းမှာ ရွေးချယ်ခံ ခဲ့ရသော်လည်း လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် ရက်သတ္တပတ်များစွာ အနားယူရမှာ ဖြစ်ကြောင်း ဒေါ့မွန်နည်းပြ ဆာဟင် က ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာပြိုင်ပွဲမှာ အမေရိကန်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ ဒေါ့မွန်အသင်းနဲ့ ပြန်လည် ပူးပေါင်းချိန်မှာလည်း ဒဏ်ရာပြန်လည်ပျောက်ကင်းခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆာဟင် က လာမယ့် နိုဝင်ဘာလကျမှသာ အသင်းနဲ့ပူးပေါင်းနိုင်မှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ရေနာ အနေနဲ့ ဒေါ့မွန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၂၁ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပွဲထွက်ခွင့်မရခဲ့လို့ ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ဘောလုံးရာသီကုန်ဆုံးချိန်တွင် ဒေါ့မွန်အသင်းသို့ ပြန်လည်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ (NVS-008)

13 Sep

ADVERTISE HERE .