“လိုင်လီကွင်းလယ်ကစားသမား ဂိုးမက်စ် ကို လီဗာပူးလ် အသင်းခေါ်ယူရန် ကြိုးပမ်း”

13 Sep

လီဗာပူးလ်အသင်းက လိုင်လီအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်ကစားသမား ဂိုးမက်စ် ကို ဇန်နဝါရီပြောင်းရွှေ့ကာလမှာ ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။ ဂိုးမက်စ် ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ဂိုးမက်စ် ဟာ မန်ယူလူငယ်ကစားသမားအဖြစ် ကစားသမားဘဝကို စတင်ခဲ့သော် မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတာကြောင့် လိုင်လီအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ လိုင်လီ အသင်းကိုပြောင်းရွှေ့ပြီး ပြိုင်ပွဲစုံ ၁၁၈ ပွဲကစားပေးခဲ့ကာ ၈ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလကလည်း နယူးကာဆယ်၊ စပါး စတဲ့ ပရီးမီးယားအသင်းတွေက ခေါ်ယူရန် အပြိုင် ကမ်းလှမ်းခဲ့ပါသေးတယ်။ လက်ရှိမှာ ဂိုးမက်စ် ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေတာကြောင့် အသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားက အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက နယူးကာဆယ်၊ စပါးအသင်း တို့နဲ့ အပြိုင်ခေါ်ယူနိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ (NVS-008)

13 Sep

ADVERTISE HERE .