“ဝန်ကြီးများရုံးတွင် သီတင်းကျွတ်ဈေးပွဲတော် ကျင်းပရန်စီစဉ်”

13 Sep

သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်စီစဉ်ဆောင်ရွက်နေသူများ ထံကနေ သိရပါတယ်။ အဆိုပါဈေးပွဲတော်မှာ စားသောက်ကုန်၊ လူသုံးကုန်နဲ့ အထွေထွေကုန်စည်မျိုးစုံကို ပြသရောင်းချမယ့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဖွင့်လှစ်ရောင်းချသွားဖို့ စီစဉ်ထားတယ်ပြီး သီတင်းကျွတ်ဈေးပွဲတော်ကို ကျင်းပဖို့ အချိန်လိုသေးတာကြောင့် ဆိုင်ခန်းအရေအတွက်နဲ့ ရောင်းချပြသမယ့် ပစ္စည်းတွေကတော့ အတိုး၊ အလျော့ရှိ နိုင်တယ်လို့ သိရပါတယ်။ သီတင်းကျွတ်ဈေးပွဲတော်မှာ ဖျော်ဖြေရေးအစီအစဉ်အဖြစ် Baby Talent Show ကို ထည့်သွင်းကျင်းပ သွားမယ့်အပြင် နာမည်ကျော်အနုပညာရှင်တွေရဲ့ တေးသီချင်းဖျော်ဖြေမှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နှစ်အောက် ကလေးတွေအတွက်လည်း အခမဲ့မြေအိုး၊ ပန်းအိုးဆေးရေးခြယ်ခွင့်ကိုလည်း ဈေးပွဲတော်မှာ ထည့်သွင်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။ (NVS-003)

13 Sep

ADVERTISE HERE .