“မိတ္ထီလာ-တောင်ကြီးသွားကားလမ်း နေရာအချို့၌ ရေကျော်မှုဖြစ်ပွား၍ အန္တရာယ်ကင်းရှင်းစေရန် ယာဉ်အသွားအလာများ ရပ်တန့်ထား”

13 Sep

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ စက်တင်ဘာလ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းနေရာအချို့၌ ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများ ဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရပါတယ်။ ရေကျော်မှုများဖြစ်ပွားရာတွင် မိုင်တိုင်(၂၁/၀-၂၁/၃) အထိ ၃ ဖာလုံခန့်၊ မိုင်တိုင် (၂၂/၆-၂၂/၇) အတွင်း ၁ ဖာလုံခန့်၊ မိုင်တိုင် (၄၅/၄-၄၅/၇) အတွင်း ၂ ဖာလုံခန့်တို့တွင် ရေအမြင့် ၂ ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင် (၄၃/၆-၄၃/၇) အတွင်း ၁ ဖာလုံခန့်တွင် ရေအမြင့် ၄ ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိနေခဲ့ပါတယ်။ မိုင်တိုင် (၂၈/၄-၂၈/၅) အတွင်း (ယာဘက်) အလျား ၂ ပေ အကျယ် ၃ ပေခန့်၊ မိုင်တိုင် (၄၀/၀-၄၀/၃) အတွင်း (ဝဲဘက်) အလျား ၂.၅ ဖာလုံ အကျယ် ၅ ပေခန့်၊ မိုင်တိုင် (၄၅/၇၄၆/၀) အတွင်း (ဝဲဘက်) အလျား ၁၅၀ ပေ အကျယ် ၅ ပေခန့်၊ မိုင်တိုင် (၄၆/၁-၄၆/၃) အတွင်း (ဝဲဘက်) အလျား ၂ ဖာလုံခန့် အကျယ် ၆ ပေခန့်နှင့် မိုင်တိုင် (၄၇/၂-၄၇/၃) အတွင်း (ဝဲဘက်) အလျား ၃၀၀ ပေခန့်အကျယ် ၁၄ ပေခန့်တို့တွင် ကတ္တရာလမ်းသားများ ပဲ့ကျလျက်ရှိနေပါတယ်။ မိုင်တိုင် (၄၂/၂-၄၂/၃) အတွင်း ၂၅ ပေခန့်နှင့် မိုင်တိုင် (၄၇/၄-၄၇/၅) အတွင်း ၃၀ ပေခန့် တောင်ပြိုမြေများအား ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ အလားတူ ပျော်ဘွယ်-ဘုရားငါးဆူလမ်းတွင် လမ်းပိုင်းရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားခဲ့ရာ မိုင်တိုင် (၁၀/၀-၁၀/၃) အတွင်း ၃ ဖာလုံခန့်တွင် ရေအမြင့် ၂ ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင် (၁၁/၅-၁၁/၆) အတွင်း ၁ ဖာလုံခန့်တွင် ရေအမြင့် ၉ လက်မခန့် လမ်းပေါ်ရေကျော်မှုများ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့နံနက်ပိုင်းမှာတော့ ရေများကျဆင်းသွားပြီဖြစ်လို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာများကို ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြေပြင်သတင်းများအရ သိရပါတယ်။ (NVS-003)

13 Sep

ADVERTISE HERE .