“မိုးစပါး၊ ဝါသီးနှံနှင့် မိုးသီးနှံများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး နှိုးဆော်”

13 Sep

လက်ရှိဖြစ်ပေါ်နေသော လေပွေလှိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးစပါး၊ ဝါသီးနှံနှင့် မိုးသီးနှံများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက မိုးစပါးနှင့် မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန် ရာသီအချိန် ကျန်ရှိနေသေးကြောင်း စိုက်ပျိုးရေးဦးစီးဌာနက နှိုးဆော်ချက် ထုတ်ပြန်ထား ပါတယ်။ မိုးစပါးပြန်လည်စိုက်ပျိုးရာတွင် သက်တမ်းတိုမျိုးများကို ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် မိုးနှောင်းချည်မျှင်ရှည်ဝါ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအနေဖြင့် အချိန်မီ စီမံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် အရန်မျိုးများ စုဆောင်းထားရှိပြီး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါတယ်။(NVS-003)

13 Sep

ADVERTISE HERE .