ကုန်စျေးနှုန်းသတင်း ၁၀.၉.၂၀၂၄

10 Sep

စက်တင်ဘာလ ၁၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ထောပတ်ပဲနဲ့ ပဲပုပ်ဈေးတွေကတော့ အနည်းငယ် တက်လာပြီး ပဲစင်းငုံနီဈေးကတော့ ဆက်တိုက်ကျဆင်းနေပါတယ်။ ကြက်သွန်နီဈေး ဆက်တိုက်မြင့်တက်နေပြီး အာလူးဈေးကတော့ အနည်းငယ်ကျဆင်းလာပါတယ်။ မတ်ပဲ၊ ကြက်သွန်ဖြူ နဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၅,၈၃၉ ကျပ်၊ မတ်ပဲ(FQ/RC) တစ်တင်းကို ၁၃၉,၀၁၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၅၀၅ ကျပ်ကနေ ၆,၅၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၅၇,၃၃၉ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၃၁၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၁၆၅ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၈၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ငရုတ်(ပန်းရဲ) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပဲပုတ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၃၃၀ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ကို ၁,၃၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၅,၅၀၀ ကျပ်ကနေ ၁၅,၈၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၆၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၁၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၇၈၅ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၅ ကျပ်၊ မန္တလေးမှာ ၃,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၅၅ ကျပ်၊ မန္တလေးမှာ ၃,၄၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၄၁၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၀ ကျပ်၊ မန္တလေးမှာ ၂,၇၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၉၅ ကျပ်၊ မန္တလေးမှာ ၃,၄၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၄၅၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၀၄၄,၈၉၇/-) ငါးဆယ် လေးသောင်း လေးထောင်‌ ရှစ်ရာ ကိုးဆယ် ခုနစ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၄၀၀,၀၀၀ိ/-) ခြောက်ဆယ် လေးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

10 Sep

ADVERTISE HERE .