“ဒဏ်ရာကြောင့် စပါးအသင်းနှင့်ပွဲစဉ်ကို လွဲဖွယ်ရှိနေတဲ့ ကာလာဖီအိုရီ”
10 Sepအာဆင်နယ်အသင်းရဲ့ အီတလီနောက်ခံလူ ကာလာဖီအိုရီ ဟာ ဒဏ်ရာပြဿနာကြောင့် စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ စက်တင်ဘာလ ၈ ရက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ သိရပါတယ်။ ကာလာဖီအိုရီ ဟာ ပြင်သစ်အသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ပွဲချိန် ၇၁ မိနစ် မှာ လူစားလဲခံခဲ့ရဖြစ်ပါတယ်။ အခုအချိန်မှာ အီတလီအသင်းရဲ့ လူစာရင်းကနေ ကာလာဖီအိုရီ နုတ်ထွက်သွား ခဲ့ပေမယ့် ဒဏ်ရာပြဿနာက မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်စက်တင်ဘာလ ၁၅ ရက်မှာကစားမယ့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယား လိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ကာလာဖီအိုရီ ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၄၂ သန်းနဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာ ဘိုလော့နာအသင်းကနေ ရောက်လာခဲ့ တာဖြစ်ပြီး အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ (NVS 008)