“ရုရှားက တရုတ်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်ရန် တပ်ဖွဲ့များကို စေလွှတ်မည်”

10 Sep

ရုရှားနိုင်ငံက တရုတ်နိုင်ငံနှင့်ပူးတွဲလုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်ခန်းအတွက် တပ်ဖွဲ့များကို စေလွှတ် ပေးမည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန က စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ထား သည်။ ရုရှားစေလွှတ်မည့်တပ်ဖွဲ့များတွင် ရေတပ်နှင့်လေတပ်တို့ ပါဝင်မည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်းကို ဂျပန် ပင်လယ်ပြင်၊ အော့ဟော့ပင်လယ်ပြင်နှင့်ဝေဟင်ပိုင်နက်တို့၌ လုပ်ဆောင်သွားမည်ဖြစ်သည်။ Northern/ Interaction- 2024 ဟုအမည်ပေးထားသည့် ထိုစစ်ရေးလေ့ကျင့်ခန်းသည် နှစ်နိုင်ငံကြားတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရေး၊ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် စွမ်းဆောင်ရည် ပြည့်ဝစေရေးတို့အတွက် ရည်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်စစ်ရေးလေ့ကျင့်ခန်းများကို နှစ်စဉ်ကျင်းပသွား မည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်နှင့်ရုရှားရေတပ်တို့က ပစိဖိတ်သမုဒ္ဒရာအတွင်း ငါးကြိမ်မြောက်ပူးတွဲကင်းလှည့်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကာ ရုရှားနိုင်ငံ၏ Ocean-2024 စစ်ရေးလေ့ကျင့်ခန်းတွင် တရုတ်နိုင်ငံက ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

10 Sep

ADVERTISE HERE .