“မိုးယွန်းကြီးအင်းဘေးမဲ့တောမှာ ဆောင်းခိုငှက်မျိုးစိတ်သစ် ၁၀ မျိုး မှတ်တမ်းတင်နိုင်ခဲ့”

10 Sep

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ နှစ်အထိ ၄ နှစ်တာကာလအတွင်း မှတ်တမ်းမဝင်သေးသော ငှက်မျိုးစိတ်သစ် ၁၀ မျိုးကို ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ဆောင်းရာသီကာလအတွင်း နိုင်ငံတကာက ပျံသန်းရောက်ရှိလာကြပြီး နားခိုကြတဲ့ငှက်များအပြင် ဌာနေငှက်များလည်း ရှိတာကြောင့် လအလိုက်၊ နှစ်အလိုက် လေ့လာချက်အရ ငှက်မျိုးစိတ်သစ် ၁၀ မျိုးကို လေ့လာတွေ့ရှိပြီး မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ငှက်မျိုးသစ် ၁၀ မျိုးမှာ လက်ရှိအနေအထားမှာ အင်္ဂလိပ်အမည်များနဲ့သာ မှတ်တမ်းတင်ထားနိုင်ပြီး အကြမ်းအားဖြင့် ဂေါ်ပြားနှုတ်သီး(Northern Shoveler)၊ ဒေါင်းလန်းခြေထောက် (White-headed Stilt)၊ Red-Breasted Mergansar၊ စင်ရော်(Heuglin's Gull)၊ ငှက်နှုတ်သီးလန် (Pied Avocet)၊ Short-tailed Shearwater-Ardenna tenuirostris၊ မြစ်တွေး (Caspian Tern)၊ ကြိုးကြာခေါင်းမည်း (Common-Crane) တို့ ဖြစ်တယ်လို့ သိရပါတယ်။ မိုးယွန်းကြီးအင်းကို ၁၉၈၈ ခုနှစ်မှာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် တရားဝင်ကြေညာခဲ့ပြီး ရေပျော် ငှက်များ၊ ဆောင်းခိုငှက်များ နားခိုနေထိုင်ရာ ဒေသအဖြစ် ဧရိယာစတုရန်းမိုင် ၄၀ (ဧက ၂၅,၆၀၀) ကို လွှမ်းခြုံ ထားကြောင်း သိရပါတယ်။ (NVS 003)

10 Sep

ADVERTISE HERE .