“စစ်ကိုင်းခရိုင်အတွင်း ဆီထွက်သီးနှံနှင့် ဝါသီးနှံအထူးဇုန်များ ဖော်ဆောင်နေ”

10 Sep

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ဆီထွက်သီးနှံအထူးဇုန်နှင့် ဝါသီးနှံအထူးဇုန်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းခရိုင်ဆီထွက်သီးနှံအထူးဇုန်မှာ ဆီထွက်သီးနှံ ၁၁၁,၁၇၅ ဧကစိုက်ပျိုးရန် လျာထားပြီးလက်ရှိမှာ ၄၇,၂၆၂ ဧကစိုက်ပျိုးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှာ ယခုဘဏ္ဍာနှစ်အတွင်း ဝါသီးနှံ ၅၀,၅၈၂ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀,၈၃၈ ဧကစိုက်ပျိုးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာကို ၁,၀၀၈,၈၄၇ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိမှာ ၁၀၅,၆၁၅ ဧကစိုက်ပျိုးပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းခရိုင်မှာ မိုးစပါးကို ၄၂,၂၅၀ ဧကစိုက်ပျိုးရန်လျာထားရာ ယခုအခါ ၂၇,၉၁၂ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ပါတယ်။ စစ်ကိုင်းခရိုင်အတွင်း မိုးစပါးနှင့်ဝါ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလပထမပတ်အတွင်းက စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။သီးနှံမျိုးစုံကို စိုက်ပျိုးလျာထားချက် ပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲနည်းကို ပညာပေးဆွေးနွေပြောကြားခြင်းများပြုလုပ်ခဲ့ကြပါတယ်။ (NVS 003)

10 Sep

ADVERTISE HERE .