“ငွေကျပ်သိန်း ၂ သောင်းကျော် ကုန်ကျခံကာ ဆွမ်းဦးပုညရှင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုမည်”

10 Sep

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူ ပူဇော်နိုင်ရန် အတွက် ငှက်ပျောဖူးတော်မှ ပထမပဉ္စယံအထိ ၉ လက်မပတ်လည် ကြေးပြားအချပ်ရေပေါင်း ၂၂,၇၀၀ ချပ်ခန့်နှင့် ၂လက်မပတ်လည်ရွှေဆိုင်း ၆,၀၀၀ ကျော်အသုံးပြုကာ ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကုန်ကျခံကာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး (ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲကို စက်တင်ဘာလ ၇ ရက်၊နံနက်ပိုင်းက ပုညရှင်သာသနာ့ဗိမာန်တော်ကြီးမှာ ကျင်းပခဲ့ ပါတယ်။ ဆွမ်းဦးပုညရှင် စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရမှ အလှူငွေကျပ် သိန်း ၁,၀၀၀၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း ၅၀၀ မတည်လှူဒါန်းတယ်လို့ သိရပါတယ်။ အလှူတော်ငွေပေးအပ်ပွဲမှာ ငွေကျပ် ၁၀ သိန်းနှင့်အထက် လှူဒါန်းသူ ၆၀ ဦး၊ ငွေကျပ် ၁၀ သိန်းအောက်၊ လှူဒါန်းသူ ၁၄၆ ဦး၊ ငွေကျပ် ၂၅၀,၀၀၀ လှူဒါန်းသူ ၁၀၇ ဦးနှင့် ပထမအကြိမ် အလှူငွေပေးအပ်ပွဲမှာ အလှူရှင်စုစု ပေါင်း ၃၁၃ ဦးမှ ငွေကျပ် ၄၇၆,၂၈၂,၇၀၀(ငွေကျပ် သိန်းပေါင်းလေးထောင့်ခုနှစ်ရာ ခြောက် ဆယ်နှစ်သိန်း ရှစ်သောင်း နှစ်ထောင်ခုနှစ်ရာတိတိ)လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

10 Sep

ADVERTISE HERE .