“ဟာလန်း ကို သက်တမ်းတိုးဖို့နီးစပ်နေတဲ့ မန်စီးတီးအသင်း”

09 Sep

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်း က မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ် နေပြီး ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။ အဆိုပါစာချုပ်မှာ ဟာလန်း အနေနဲ့ ဆန္ဒရှိတဲ့အသင်းထံ လျော်ကြေးငွေနဲ့ ပြောင်းရွှေ့ခွင့်ပြုရမယ့် သဘောတူညီချက်လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ဟာလန်း က မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး အသင်းအတွက် အားထားရတဲ့ ကစားသမားဖြစ်လာတာကြောင့် မန်စီးတီးအသင်းက လစာတိုးမြှင့်ပေးပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးကစားသမားအဖြစ် မန်စီးတီးအသင်းဖော် ဒီဘရိုင်းနား က တစ်ပတ်ပေါင် ၄၂၅,၀၀၀ နဲ့ ရပ်တည်နေပြီး ဟာလန်း က တစ်ပတ်ပေါင် ၃၇၅,၀၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီးပါက မူရင်းလစာနှုန်းထားမှာ ဒီဘရိုင်းနား ထက်ပိုမိုရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

09 Sep

ADVERTISE HERE .