“ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အန်တိုနီ ကို ခေါ်ယူဖို့စီစဉ်နေတဲ့ နယူးကာဆယ်အသင်း”
09 Sepနယူးကာဆယ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီ ကို ကမ်းလှမ်းရန် စီစဉ်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းကစားသမားခေါ်ယူမှု ပြုလုပ် နိုင်ခြင်းမရှိတဲ့အတွက် မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရတဲ့ အန်တိုနီကို ဇန်နဝါရီမှာ ကမ်းလှမ်းရန် စီစဉ်နေခြင်းပါတယ်။ မန်ယူအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အန်တိုနီ ကို မော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းက တူကီယဲလိဂ်၏ နွေရာသီစျေးကွက်မပိတ်မီ အငှားနဲ့ခေါ်ယူရန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။အန်တိုနီ က မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၅၄ ပွဲမှာ သွင်းဂိုး ၅ ဂိုးသာ ရရှိထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
09 Sep