“နေပြည်တော်-မန္တလေးရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်နေ”

09 Sep

နေပြည်တော်-သာစည်-သဲတော-မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင်လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို အဆင့်မြှင့်တင်နေမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်မှာ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာ့ မီးရထားမှ အရာရှိများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့သေးပါတယ်။ ဒုတိယဝန်ကြီးက နေပြည်တော် - သာစည် - သဲတော - မန္တလေးရထားလမ်းပိုင်းမှာ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင် ပြုပြင် နေမှုကို RBE ရထားနဲ့ လိုက်ပါစီးနင်းစစ်ဆေးပြီး တံတားအဝင်၊ အထွက် နေရာများမှာ ခုန်ဆောင့်လူးမဖြစ်စေရေး Run Off Frame များ စနစ်တကျ တပ်ဆင်သွားရန်နှင့် Alignment တိကျမှန်ကန်စေရေး စနစ်တကျစစ်ဆေးသွားရန်၊ တံတားနေရာများရှိ ဆွေးမြည့်နေသည့် သစ်သားဇလီဖားများ လဲလှယ်ရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး ပြုပြင်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါတယ်။ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက်ညှိခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ရေတိုက်စားခံရသည့် တံတားရေလယ်တိုင်များတွင် ကျောက်ကြီးချရန်နှင့်လိုအပ်သည့်ရေလမ်းကြောင်း ရရှိရန်အတွက် ရေကာတန်းများ ရိုက်ရန်၊ ရေတိုက်စားခံရသည့် တာပေါင်များသတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ ဆောင်ရွက်ရန်နှင့် ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျဖြည့်သွင်းပြီး Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်နဲ့ ကျောက်ပါကင်ရိုက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပါတယ်။ (NVS 003)

09 Sep

ADVERTISE HERE .