"ကျုံကပြင်-တက်ဆိပ်နယ်မြေမှာ ငှက်မျိုးစိတ် ၁၆၀ ကို မှတ်တမ်းတင်နိုင်ခဲ့"

09 Sep

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိမ်းသိမ်းရေးနယ်မြေမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် ငှက်မျိုးစိတ်ပေါင်း ၁၆၀ ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ငှက်မျိုးစိတ်တွေကိုထိန်းသိမ်းဖို့အတွက် လေ့လာမှတ်တမ်းတင်တာတွေကိုလစဉ်လတိုင်းဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ စာရင်းကောက်ယူထားတဲ့မှတ်တမ်းတွေအရ ငှက်မျိုးစိတ် ၁၆၀ ကို မှတ်တမ်းတင် ထားနိုင်တယ်လို့ ဆိုပါတယ်။ မှတ်တမ်းတင်ထားနိုင်တဲ့ ငှက်မျိုးစိတ်တွေထဲမှာ ကြိုးကြာခေါင်းနီငှက်၊ စာဝါကျားငှက်၊ ကိုင်းစွေ့ငှက်၊ ခရုတုတ်ငှက် စတဲ့ငှက်မျိုးတွေပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီနယ်မြေမှာ ဇီဝမျိုးစုံမျိုးကွဲ တိရစ္ဆာန်တွေ ဖြစ်တဲ့ ကြောင်တံငါ၊ ဆောက်လိပ်၊ စင်းချောလိပ်နဲ့ စပါးအုံးမြွေတွေပါ ကျက်စားနေထိုင်နေတယ်လို့ သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။ (NVS 003)

09 Sep

ADVERTISE HERE .