“လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့်ကွန်ပျူတာတက္ကသိုလ်တို့ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဦးစားပေးဆောင်ရွက်မည်”

09 Sep

ကယားပြည်နယ်အတွင်း ဒေသအခြေအနေအရ ပိတ်ထားခဲ့ရသော လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ကျောင်းများ ဖွင့်လှစ်နိုင်ရေး ဦးစားပေးအနေနဲ့ လိုအပ်တာများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်မှာ ကယားပြည်နယ်ဝန်ကြီးချုပ် က လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိင်ကော်)ကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအစည်းအဝေးခန်းမဆောင်မှာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ခဲ့ပါတယ်။ ဒေသအခြေအနေအရ ကျောင်း ၂ ကျောင်းအတွက် ဦးစားပေးအနေနဲ့ စာသင်ဆောင်များ၊ ရုံးခန်းများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဝန်ထမ်းများရဲ့ နေအိမ်များ၊ သန့်စင်ခန်းများမှာ ဆောင်ရွက်ပေးရမယ့် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အဆောင်များ၏ အမိုးနှင့် မျက်နှာကျက်များ၊ ပြတင်းတံခါးများ ပြုပြင်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကို အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်းရှိ အဆင့်မြင့် ပညာသင်ကြားရမယ့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ကျောင်းများ ပြန်လည် တက်ရောက် သင်ကြားနိုင်ရေး တို့ကို ဝိုင်းဝန်းလုပ်ဆောင်ရန် မှာကြားခဲ့ပါတယ်။ (NVS 003)

09 Sep

ADVERTISE HERE .