ရီးရဲလ်အသင်းက နောက်ခံကစားသမား ကာဗာဂျယ် ကို သက်တမ်းတိုးရန်စီစဉ်
08 Sepရီးရဲလ်အသင်းက အသင်းရဲ့ စပိန်နောက်ခံကစားသမား ကာဗာဂျယ် ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရပါတယ်။ ကာဗာဂျယ် ဟာ ရီးရဲလ်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ကာဗာဂျယ် အနေနဲ့ ရီးရဲလ်အသင်းနဲ့ လမ်းခွဲခဲ့ပါက မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း ရီးရဲလ်အသင်းက ၎င်းအား သက်တမ်းတိုးရန် စီစဉ်နေပြီး ကာဗာဂျယ် အနေနဲ့ ယခုရာသီ မှာလည်း ရီးရဲလ်အသင်းမှာ အမာခံကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ကာဗာဂျယ် ဟာ အသင်းအတွက် ၁၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၂၁ ပွဲကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူပေးထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ကာဗာဂျယ် ကို စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသလို တစ်ဖက်ကလည်း ၎င်းနေရာမှာ အစားထိုးရန်အတွက် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ၁၀ လဝန်းကျင်သာ ကျန်ရှိတော့တဲ့ အင်္ဂလန်အသင်း ညာနောက်ခံကစားသမား အာနိုးလ် ရဲ့အခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။(NVS 008)