ဂျာမနီအသင်းကို ပြန်လည်တည်ဆောက်ဖို့က ခက်ခဲကြောင်း ပြောကြားခဲ့တဲ့ နာဂယ်စ်မန်း

08 Sep

ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်း က လက်တလောမှာ အသင်းရဲ့အဓိကကစားသမားတွေ လက်ရွေးစင် အသင်း ကစားသမားဘဝကနေ အနားယူသွားခဲ့တာကြောင့် အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် အခက်အခဲ ရှိတယ်လို့ စက်တင်ဘာလ ၆ ရက်က ပြောကြားသွားခဲ့ပါတယ်။ ဂျာမနီအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ တိုနီခရူးစ်၊ မူလာ၊ နူအာ နဲ့ ဂန်ဒိုဂန် တို့ဟာ ပြီးခဲ့တဲ့လတွေ အတွင်း လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ ကစားသမား များက အတွေ့အကြုံရှိတဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြသလို အသင်းအတွက်အရေးပါတဲ့ ကစားသမားတွေဖြစ်လို့ အသင်းကို ပြန်လည်တည်ဆောက်ရာမှာ ခက်ခဲတယ်လို့ နည်းပြ နာဂယ်စ်မန်း က ပြောကြားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဘော့စနီးယား၊ ဟန်ဂေရီ၊ နယ်သာလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် အရေးပါတဲ့ကစားသမားတွေ အနားယူသွားခဲ့ကြတာက အသင်းအတွက် အားနည်းချက် ဖြစ်ခဲ့ရပါတယ်။(NVS 008)

08 Sep

ADVERTISE HERE .