“ပေါင်မြို့နယ် ကျိုက်ပေါင်းစေတီတော်တွင် ဆွမ်းတော် ၁,၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပမည်”

06 Sep

လာမယ့်စက်တင်ဘာလ ၁၇ ရက်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ ကျိုက်ပေါင်းစေတီတော်မှာ မွန်ရိုးရာဓလေ့ ဗုဒ္ဓပူဇနိယပွဲတော်တစ်ခုဖြစ်တဲ့ ဆွမ်းတော် ၁,၀၀၀ ကပ်လှူပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမယ်လို့ သိရ ပါတယ်။ အဆိုပါ မွန်ရိုးရာဓလေ့ ဗုဒ္ဓပူဇနိယပွဲတော်တစ်ခုဖြစ်တဲ့ ဆွမ်းတော် ၁,၀၀၀ ကပ်လှူပူဇော်ပွဲကို နှစ်စဉ် တော်သလင်းလပြည့်နေ့ ရောက်တိုင်း ဆင်နွှဲလေ့ရှိပြီး ယခုလို ဆွမ်းတော် ၁,၀၀၀ ကပ်လှူရာမှာ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာအစဉ်အလာအတိုင်း သစ်၊ ဝါးတို့နဲ့ သင်္ဘောပုံစံငယ်တည်ဆောက်ကာ ၎င်းသင်္ဘောတွင် ဆွမ်း၊ တံခွန်၊ ကုက္ကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်း၊ ဆီမီး စတဲ့ လှူဖွယ်ဝတ္ထုအမျိုးမျိုးတို့ကို ထည့်သွင်းကပ်လှူကြခြင်း ဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့အစဉ်အလာကောင်းတစ်ရပ်အဖြစ် ဆွမ်းတော် ၁,၀၀၀ ခေါ် ဆွမ်းတော်ကြီး တင်ပွဲကို ရိုးရာအစဉ်အလာမပျက် မွန်ပြည်နယ်အတွင်း ကျင်းပလေ့ရှိသလို စတုမဓူဆွမ်းလောင်းလှူပွဲကိုကျင်းပ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS-004)

06 Sep

ADVERTISE HERE .