“မြန်မာ့ပြောင်းကို ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိ”

06 Sep

မြန်မာ့ပြောင်းကို ဗီယက်နမ်နှင့်အိန္ဒိယနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် အဓိကတင်ပို့လျက်ရှိနေ တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။ ထိုနည်းတူ ပြည်တွင်းမှထွက်ရှိတဲ့ ပြောင်းဆန်ကို ထိုင်းနိုင်ငံသို့လည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အတွင်း အဓိကတင်ပို့လေ့ရှိပါတယ်။ အဆိုပါ ပြောင်းဆန်ကို ထိုင်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံကလည်း အခွန်လွတ်စနစ်ဖြင့် ဝယ်ယူလျက်ရှိနေပါတယ်။ ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန်တစ်သန်းကျော် တင်ပို့ထားနိုင်ခဲ့ပေမယ့် လက်ရှိပြောင်း ရာသီမှာ ဝယ်လက်နိုင်ငံများက ပြောင်းအထွက်နှုန်းလျော့ကျခဲ့တဲ့အတွက် ဈေးကောင်းများ ရရှိလာနိုင်ပါတယ်။ မြန်မာ နိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင်ဒေသအများစုတွင် စိုက်ပျိုးကြပြီး မိုးပြောင်းကို တော့ စိုက်ပျိုးဧရိယာ၏ ၈၅ ရာခိုင်နှုန်းအဖြစ် ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးလေ့ရှိကြောင်း သိရပါတယ်။ (NVS-004)

06 Sep

ADVERTISE HERE .