“ကမ္ဘာတစ်ဝန်းရဲ့ ချီးကျူးခြင်းကို ခံနေရတဲ့ အိန္ဒိယမြားပစ်မယ် ဒေဗီ”
06 Sep၂၀၂၄ ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲရဲ့ မြားပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အိန္ဒိယမြားပစ်မယ် ရှီတဲလ်ဒေဗီကို သူမရဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့မှုအတွက် ကမ္ဘာတစ်ဝန်းက ချီးကျူးနေကြပါတယ်။ အသက် ၁၇ နှစ် အရွယ်သာရှိသေးတဲ့ ဒေဗီ ဟာ ပြိုင်ပွဲကို အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့သလို ချီလီမြားပစ်မယ် ဇူနီဂါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ ဦးအဆင့်ပွဲမှာ ပစ်မှတ်ရဲ့ အလယ်ဗဟိုချက်ကို ထိအောင်ပစ်နိုင်ခဲ့တဲ့ ဒေဗီရဲ့ စွမ်းဆောင်ရည်ကို အားလုံးက ချီးကျူးနေကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဇူနီဂါ က ဒေဗီ ကို ရမှတ်တစ်မှတ်အသာ ၁၃၈ မှတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒေဗီ ရဲ့ ပစ်ချက်တိကျမှုကို ချီးကျူးခဲ့ကြပါတယ်။ ဒေဗီ ဟာ တစ်ဦးချင်းပွဲမှာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပေမယ့် အိန္ဒိယ မြားပစ်သမား ကူးမားနဲ့အတူ ပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းလိုက် Compound ပြိုင်ပွဲမှာတော့ တတိယကြေးတံဆိပ်ဆု ရရှိယူနိုင်ခဲ့ပါတယ်။ တတိယနေရာလုပွဲမှာ ဒေဗီပါဝင်တဲ့ အိန္ဒိယအသင်းက အီတလီအသင်းနဲ့ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုပွဲစဉ်မှာ ဒေဗီ ဟာ အိန္ဒိယအသင်းအတွက် ရမှတ်တွေကို ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၄ မသန်စွမ်းအိုလံပစ် ပြိုင်ပွဲနဲ့ အတူ လူသိများလာခဲ့တဲ့ ဒေဗီဟာ သူရဲ့လူမှုကွန်ရက်တွေမှာ အားပေးသူတွေ များပြားလာခဲ့တယ်လို့ သိရပါတယ်။ (NVS 008)