“ဆီးမီးဖိုင်နယ်အဆင့်မှာ နှစ်ပွဲပြတ်နဲ့အနိုင်ယူကာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဆာဘာလန်ကာ”

06 Sep

ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ဟာ ယူအက်စ်အိုးပင်း တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီမီး ဖိုင်နယ်အဆင့်မှာ ပြိုင်ဘက် အမေရိကန်တင်းနစ်မယ် နာဗားရိုး ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်အဆင့်ကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ ဆာဘာလန်ကာ ဟာ အမေရိကန်တင်းနစ်မယ် နာဗားရို ကို အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားထားနိုင်ခဲ့ပြီး ပွဲချိန် ၁ နာရီ မိနစ် ၃၀ မှာပဲ ၆-၃၊ ၇-၆ နဲ့အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာဘာလန်ကာ ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ သြစတြေးလျအိုးပင်းဖိုင်နယ်မှာ ကိုကိုဂတ် ကို ရှုံးနိမ့်ခဲ့ ပြီးနောက်မှာ ဒုတိယအကြိမ်အဖြစ် ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ယူအက်စ်အိုးပင်း ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၂)ဆာဘာလန်ကာ နဲ့ ပထမဆုံးအကြိမ်အဖြစ် ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပီဂူလာ တို့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .