“ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပီဂူလာ”

06 Sep

ဆီဒင်အဆင့်(၆) ရရှိထားတဲ့ အမေရိကန်တင်းနစ်မယ် ပီဂူလာ ဟာ ဆီးဖိုင်နယ်အဆင့်မှာ ချက်တင်းနစ်မယ် မက်ချ်ဟိုဗာ ကို အနိုင်ရရှိခဲ့ပြီး ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ် ပီဂူလာ ဟာ ကွာတာဖိုင်နယ်အဆင့်မှာ ကမ္ဘာ့အဆင့် (၁) ဆွီယာတက်ခ် ကို အနိုင်ရရှိ ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီဂူလာ ဟာ လက်စွမ်းကောင်းတွေ ပိုင်ဆိုင်ထားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားရဲ့ ဖိအားပေးကစားခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့်ပွဲစဉ်က ပွဲချိန် ၂ နာရီ နဲ့ မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး ပီဂူလာက မက်ချ်ဟိုဗာ ကို ၁-၆ ၊ ၆-၄ ၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့ကာ ဂရင်းစလမ်ပြိုင်ပွဲမှာ ပထမဦးဆုံးအဖြစ် ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီဒင်အဆင့်(၆) ရရှိထားတဲ့ ပီဂူလာ ဟာ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာအဆင့်(၂)ရှိတဲ့ ဘီလာရုစ်တင်းနင်းမယ် ဆာဘာလန်ကာ နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .