“နှစ်နိုင်ငံချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန် ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ခေါင်းလောင်းထိုး ဆုတောင်းခဲ့တဲ့ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း”

06 Sep

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရဲ့ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng နှင့်အဖွဲ့ဝင်များက စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီခွဲက ရွှေတိဂုံစေတီတော်မြတ်ကြီးကို လှည့်လည်ဖူးမြော်ခဲ့ပြီး သာယာဝတီမင်းခေါင်းလောင်းတော်ကြီးမှာ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားစေရန် အတွက် ခေါင်းလောင်းထိုးကာ ဆုတောင်းခဲ့ကြပါတယ်။ ဖူးမြော်စဉ် ဥက္ကဋ္ဌဆရာတော် Hu Xuefeng မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းပေးအပ်ခဲ့ပြီး ရင်ပြင်တော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိနှင့် ရွှေပြည်သာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနာဂိတ တို့ကို ဂါရဝပြုတွေ့ဆုံခဲ့ကြပါတယ်။ ဒါ့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

06 Sep

ADVERTISE HERE .