“ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ်သို့ မြန်မာတက်ရောက်”

06 Sep

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ International Convention Centre မှာ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ် (Australia-ASEAN Business Forum)ကို ဩဂုတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံး ယာယီတာဝန်ခံ ဦးသက်ထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖိုရမ်မှာ အာဆီယံအတွင်းရေးမှူးချုပ်က အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး ကင်ဘာရာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ/ သံရုံးအကြီးအကဲများ၊ ဩစတြေးလျ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ တို့မှ စီးပွားရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌ၊ ဖိုရမ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌတို့အပါအဝင် ဩစတြေးလျနိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဆိုင်ရာပညာရှင်များ၊ စီးပွားရေးဦးဆောင်လုပ်ငန်းရှင်များ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ “New Direction with New Opportunities” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အဆိုပါဖိုရမ်မှာ အစိမ်းရောင် စီးပွားရေးနှင့်စွမ်းအင်အသွင်ကူးပြောင်းမှု(Green Economy and Energy Transition)၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံမှု (Agriculture and Food Security) ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး ကြံ့ကြံ့ခံနိုင်စွမ်းရှိမှု (Medical and Health Resilience)၊ အာဆီယံဈေးကွက်များအတွင်း လုပ်ငန်းဆောင်ရွက်မှု (Working in ASEAN Markets)၊ ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုနှင့်ဆန်းသစ်တီထွင်မှု (Digital Transformation and Innovation)၊ တက်သစ်စ လုပ်ငန်းများနှင့်စွန့်ဦးကူးသန်းရောင်းဝယ်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ (Start-ups and Venture Capital Investment) စသည့် အကြောင်းအရာခေါင်းစဉ် ၆ ရပ်ကို ဩစတြေးလျနိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .