“တစ်ဒေါ်လာ ၃,၅၀၂ ကျပ်နဲ့ ဒေါ်လာ ၁၂ သန်းကျော်ကို ဗဟိုဘဏ်ထုတ်ရောင်း”

06 Sep

စက်တင်ဘာလ ၄ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းနှင့် ထိုင်းဘတ်သန်း ၈၀ ကို ထုတ်ရောင်းပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ဒေါ်လာ ၃,၅၀၂ ကျပ်နဲ့ ဒေါ်လာ ၁၂ သန်းကျော်ကို ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့တယ်လို့ စာရင်းများအရ သိရပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ ပါဝင်တဲ့ FX Market Online Trading Platform မှတစ်ဆင့်ထုတ်ရောင်းပေး‌ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဗဟိုဘဏ်မှ FX Market Online Platform မှတစ်ဆင့်ဒေါ်လာများကို ထုတ်ရောင်းပေးခဲ့ရာမှ ဒေါ်လာ ၁၉၃ ဒသမ ၉ သန်းကို ရောင်းချပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ပြင်ပဒေါ်လာဈေးနှုန်းမှာ စက်တင်ဘာလ ၁ ရက်မှာ ၅,၆၀၀ ကျပ်၊စက်တင်ဘာလ ၂ ရက် မှာ ၅,၆၂၀ ကျပ်၊စက်တင်ဘာလ ၃ ရက်မှာ ၅,၆၇၀ ကျပ်၊ စက်တင်ဘာလ ၄ ရက်မှာ ၅,၇၀၀ ကျပ်၊ စက်တင်ဘာလ ၅ ရက်မှာ ၅,၆၅၀ ကျပ် အထိ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .