"မြန်မာ့ကော်ဖီ တောင်ကိုရီးယားဈေးကွက်သို့ ထိုးဖောက်နိုင်ရန် လုပ်ငန်းရှင်များကို ပြပွဲသို့ဖိတ်ခေါ် "

06 Sep

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကော်ဖီပြပွဲ (Coffee Expo Seoul 2025)ကို လာမည့်နှစ်မှာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ ကော်ဖီသောက်သုံးမှုမြင့်မားသော တောင်ကိုရီးယားကော်ဖီဈေးကွက်သို့ မြန်မာ့ကော်ဖီထိုးဖောက် ဝင်ရောက် လိုတဲ့လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရှိ ညီလာခံများနှင့် ပြပွဲများကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) နှင့် ကိုရီးယားကော်ဖီအသင်း (Korea Coffee Association – KCA) တို့ ပူးပေါင်း၍ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၅ ရက် အထိ ဆိုးလ်မြို့ကော်ဖီပြပွဲ (Coffee Expo Seoul 2025) ပြပွဲကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဆိုပါပြပွဲရဲ့ တရားဝင်ဖိတ်ကြားခံရသော ဧည့်နိုင်ငံ (Guest Country) အဖြစ်ပါဝင်စေလို ကြောင်း ဖိတ်ကြားလာတဲ့အတွက် မြန်မာနိုင်ငံကော်ဖီအသင်းမှ ဧည့်နိုင်ငံအဖြစ် ပါဝင်လိုပါက အဆိုပြုလွှာတစ်စောင် နှင့်တကွ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် နောက်ဆုံးထားပေးပို့လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

06 Sep

ADVERTISE HERE .