“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများကို မြင်ကွင်းကျယ် ကြည့်ရှုဖူးမြော်နိုင်မည်”

06 Sep

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သူများအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုလုံး မြင်ကွင်းကျယ်အနေအထားနဲ့ ကြည့်ရှုဖူးမြော်နိုင်မှာ ဖြစ်တယ်လို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကနေသိရပါ တယ်။ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကန္တာရပင်များ၊ သစ်ပင်ချုံနွယ်များကို ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများရဲ့ စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်မှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သန့်ရှင်းရေးဌာနစိတ်မှ သန့်ရှင်းရေးပြုလုပ်မှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် Bagan Plastic Campaign အဖွဲ့သားတို့၏ စုပေါင်းအားဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် ကန္တာရတော အင်မတန်ထူထပ်တဲ့ ဓမ္မရာဇကဘုရားကြီးမြောက်ဘက်တစ်လျှောက်၊ မလုံးဖြစ်၊ မလာဖြစ်၊ လက်ပွတ်ကန်ဘုရား ပတ်ဝန်းကျင်တို့မှာပါ ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဘုရားအစုအဝေးများရှိတဲ့ ခေမင်္ဂဘုရားအစုအဝေး၊ ဆူးလေကုန်း ဘုရားအစု၊ ဝတ္ထနတောဘုရားစု၊ ရင်မနားဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ အပါယ်ရတနာဘုရားစု၊ နဂါးရုံဘုရား တောင်ဘက်ဘုရားစု၊ ဓမ္မရာဇကဘုရားမြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ ဘုရားစုများ၊ ရွှေနန်းရင်တော ဘုရားစုများနှင့် အုတ်ကျောင်းတိုက်အစုအဝေးများကို ရှင်းရှင်းလင်းလင်းဖူးတွေ့နိုင်အောင် မြင်ကွင်းကျယ် အနေအထားမျိုးနဲ့ ဖူးတွေ့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .