“မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ၃၅,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်သို့ပြောင်းလဲသတ်မှတ်”

05 Sep

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သတ်ပြီး စာအုပ်ဖိုးအား ယခင်သတ်မှတ်နှုန်းထား ၃၅,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်သို့ စက်တင်ဘာလ ၁ ရက်မှ စတင်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရပါတယ်။ စက်တင်ဘာလ ၁ ရက် အရှေ့ပိုင်း Online Appointement တင်သူများ ယခင် ၃၅,၀၀၀ ကျပ်နှုန်းထားဖြင့် ငွေပေးချေသူများသည် သက်ဆိုင်ရာ နိုင်ငံကူးလကမှတ်ထုတ်ပေးရေးရုံးသို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် အခါတွင် လိုအပ်သော စာအုပ်ဖိုးငွေ ၅,၀၀၀ ကျပ်အား လ.ဝ.က ကောင်တာဖြတ်ပြီး ပုံစံလက်ခံကောင်တာများတွင် ထပ်ဆောင်း ပေးသွင်းရမည်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ စတင်ပြီး နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားခြင်းအတွက် ၄၀,၀၀၀ ကျပ်၊ သက်တမ်းတိုးခြင်းအတွက် ၄၀,၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးခြင်းအတွက် ၉၆,၀၀၀ ကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း သိရတယ်။ (NVS-004)

05 Sep

ADVERTISE HERE .