“မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ITPEC FE Exam အတွက် Intensive Training ဖွင့်လှစ်မည်”

05 Sep

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပလျက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲများဖြစ်တဲ့ Information Technology Passport Examination (IT passport)၊ Fundamental Information Technology Engineer Examination (FE)၊ Applied Information Technology Engineer Examination (AP) စာမေးပွဲများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် ITPEC FE Exam အတွက် Intensive Training ဖွင့်လှစ်ပေးသွား မည်ဖြစ်ပါတယ်။ အဆိုပါ Intensive Training ကို စက်တင်ဘာလ ၇ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ စနေ၊ တနင်္ဂနွေနေ့ များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ငါးပတ်အကြာ သင်ကြားပို့ချသွားမှာဖြစ်ပြီး အွန်လိုင်းမှလည်း တက်ရောက်နိုင်ပြီး လူကိုယ်တိုင်တက်ရောက်လိုသူများအနေနဲ့ လှိုင်မြို့နယ် MICT Park ရှိ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းရုံးသို့ တက်ရောက်နိုင်ပါတယ်။ စာမေးပွဲများသို့ ကွန်ပျူတာတက္ကသိုလ် နှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသည့် မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ စာမေးပွဲ အတွက် နောက်ဆုံးလျှောက်လွှာတင်ရမည့်နေ့မှာ စက်တင်ဘာလ ၂၈ ရက် နောက်ဆုံးဖြစ်ပါတယ်။ Exam Form နှင့် Training Form a Registration ပြုလုပ်ရန် https://forms.gle/mzoUZwTqhUjesFYF8 တွင် စာရင်းပေးသွင်းနိုင်ကာ စာမေးပွဲနှင့်ပတ်သက်တဲ့ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း(MCPA)၊ ဖုန်း ၀၁-၆၅၂၂၇၆ နှင့် ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ITPEC (IP, FE, AP) အသိအမှတ်ပြု စာမေးပွဲများကို နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလများတွင် ကျင်းပပြီး အဆိုပါ စာမေးပွဲများကို မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မွန်ဂိုလီးယားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က အသိအမှတ်ပြုရရှိထားကြောင်း သိရပါတယ်။ (NVS-004)

05 Sep

ADVERTISE HERE .