“စက်တင်ဘာလအတွင်း Thai Festival 2024 in Yangon ပွဲတော် ကျင်းပပြုလုပ်မည်”

05 Sep

Thai Festival 2024 in Yangon ပွဲတော်ကို စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ Junction City တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ Thai Festival 2024 in Yangon ပွဲတော်တွင် ထိုင်းကုန်စည်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ထိုင်းအစား အစာများကို ပြသသွားမည်ဖြစ်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံဖျော်ဖြေမှုအနေဖြင့် ရုပ်ရှင်ပြပွဲ၊ ယဉ်ကျေးမှုနှင့် တေးဂီတ ဖျော်ဖြေပွဲများကိုလည်း မြန်မာ-ထိုင်း နှစ်နိုင်ငံမှ အနုပညာရှင်များ ပါဝင်ဆင်နွှဲကြမည် ဖြစ်ကြောင်း သိရပါတယ်။ Thai Festival 2024 in Yangon တွင် မြန်မာ-ထိုင်း ကုမ္ပဏီများမှ ဆိုင်ခန်းပေါင်း ၄၅ ဆိုင် ပါဝင်ပြသသွား မှာဖြစ်ပြီး Junction City ကုန်တိုက်အတွင်းရှိ Market Place တွင်လည်း ထိုင်းကုန်စည်များကို ပွဲတော်ကာလအတွင်း အထူးဈေးနှုန်းများဖြင့်ရောင်းချပေးသွားမှာြဖစ်ပါတယ်။ အဆိုပါ ပွဲတော်သည် Discover Thailand's BEST မှကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ထိုင်းပွဲတော် ဖြစ်ပြီး ထိုင်းသံရုံး(ရန်ကုန်)မှကြီးမှူးကာ ထိုင်းကုန်သွယ်မှုမြှင့်တင်ရေးဌာန၊ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေး လုပ်ငန်းရှင် များအသင်း၊ ထိုင်း-မြန်မာစီးပွားရေးအသင်း၊ မြန်မာ့ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMF-CCI) နှင့် Shwe Taung Group တို့မှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ (NVS-004)

05 Sep

ADVERTISE HERE .