“အယ်လ်အစ်တီဟတ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ အာဆင်နယ်အသင်း”

05 Sep

အာဆင်နယ်အသင်းက ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ထရိုဆက်ဒ် အတွက် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အယ်လ်အစ်တီဟတ်အသင်းက အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားသမားအဖြစ် ပုံမှန်ကစားခွင့်မရရှိတဲ့ ထရိုဆက်ဒ် ကို ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ သို့သော် အာဆင်နယ်အသင်းက ထရိုဆက်ဒ် ကို ရောင်းထုတ်ရန် အစီအစဉ်မရှိဘူးလို့ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ထရိုဆက်ဒ် ဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲလုံးကစားထားပေမယ့် တစ်ပွဲသာပွဲထွက်ခွင့်ရခဲ့ကာ ကျန်နှစ်ပွဲမှာ လူစားဝင်အဖြစ် ကစားခဲ့ရခြင်း ဖြစ်ပါတယ်။ ထရိုဆက်ဒ် က အက်စတွန် ဗီလာအသင်းနှင့် ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ပွဲချိန် ၆၅ မိနစ်မှ လူစားဝင်ကစားခဲ့ပြီး ၆၇ မိနစ် မှာတော့ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ (NVS 008)

05 Sep

ADVERTISE HERE .