“ဂါလာတာစာရေးအသင်းသို့ အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ အိုစီမန်”

05 Sep

နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန် ဟာ စက်တင်ဘာလ ၃ ရက် မှာ တူကီယဲကလပ် ဂါလာတာစာရေးအသင်းကို တစ်ရာသီအငှားနဲ့ တရားဝင်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အိုစီမန် ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့တာကြောင့် အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံထားရတာ ဖြစ်ပါတယ်။ တူကီယဲကလပ် ဂါလာတာစာရေး အသင်းက နာပိုလီ အသင်းနဲ့ အဆင် မပြေဖြစ်နေတဲ့ အိုစီမန် ကို အငှားနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးနေခဲ့တာဖြစ်ပြီး တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အိုစီမန် ဟာ ဂါလာတာစာရေးအသင်းနဲ့ တရားဝင်ပူးပေါင်း ဖို့အတွက် အစ္စတန်ဘူ လေဆိပ်ကို စက်တင်ဘာလ ၃ ရက်က ရောက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း လာရောက် ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဂါလာတာစာရေးအသင်းဟာ အိုစီမန် ကို တစ်ရာသီအငှားစာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပေမယ့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အိုစီမန် ကိုခေါ်ယူချင်တဲ့ အသင်းပေါ်လာခဲ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်း ပေးရမယ် ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

05 Sep

ADVERTISE HERE .