“ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဆာဘာလန်ကာ”

05 Sep

ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ဟာ ယူအက်စ်အိုးပင်း တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီမီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ ဆာဘာလန်ကာ ဟာ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဆာဘာလန်ကာ ဟာ ကျန်ကွင်းဝမ် ကို အခုနှစ် ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျန်ကွမ်းဝမ် က ရှုံးကြွေးအတွက် အကောင်းဆုံး ပြင်ဆင်လာခဲ့ပါတယ်။အဆိုပါပွဲဟာ ပွဲကစားချိန် ၁နာရီနဲ့ ၁၃ မိနစ် သာ ကြာမြင့်ခဲ့ပြီး ဆာဘာလန်ကာ က ကျန်ကွင်းဝမ်ကို ၆း၁၊ ၆း၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ၄ ကြိမ်ဆက် တက်ရောက်လာနိုင်ခဲ့တဲ့ ဆာဘာလန်ကာ ဟာ အမေရိကန်တင်းနစ်မယ် နာဗားရိုး နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)

05 Sep

ADVERTISE HERE .