“စားအုန်းဆီကို အိမ်တိုင်ရာရောက် စနစ်ဝယ်ယူသူများလာတာကြောင့် (Call Center) ဖုန်းလိုင်းခွဲများ တိုးချဲ့နေရ”

05 Sep

စားအုန်းဆီများကို အိမ်တိုင်ရာရောက်(Door to Door)ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူ များပြား လာတာကြောင့် စက်တင်ဘာလ ၂ ရက်မှစတင်ကာ မြို့နယ်အလိုက် (Call Center) ဖုန်းလိုင်းခွဲများ တိုးချဲ့လက်ခံ ရောင်းချပေးနေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရပါတယ်။ အဆိုပါ စားအုန်းဆီများကို အိမ်တိုင်ရာရောက် ရောင်းချပေးခြင်းကို ဇူလိုင်လ ၃၁ ရက်က စတင်ရောင်းချ ပေးခဲ့တာဖြစ်ပြီး ဩဂုတ်လအတွင်း အိမ်ထောင်စုတစ်စုကို တစ်လကို နှစ်ပိဿာနှုန်းနဲ့ တစ်ကြိမ်စီ ဖြန့်ဖြူးရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော် မှာကြားသူများပြားလာတဲ့အတွက် စက်တင်ဘာလမှစတင်ကာ အိမ်ထောင်စု တစ်စုကို တစ်လ သုံးပိဿာနှုန်းနဲ့ ဝယ်ယူရရှိနိုင်ရန် မှာကြားချက်များကို လက်ခံမှတ်သားသွားမှာဖြစ်ပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ) မှာကြားနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မှာကြားရာတွင် တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ သန်လျင်ခရိုင်၊ တွံ့တေးခရိုင်၊ မရမ်းကုန်းခရိုင်တွင် နေထိုင်ကြသူများအနေဖြင့်( Call Center) ဖုန်း ၀၁-၄၇၀၅၅၆၆ (လိုင်းခွဲ-၁၅လိုင်း)၊ ၀၉၉၄၀၁၇၁၂၂၂ (လိုင်းခွဲ-၁၅လိုင်း) သို့လည်းကောင်း၊ ကျောက်တံတားခရိုင်၊ အလုံခရိုင်၊သင်္ကန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ကမာရွတ်ခရိုင်တို့တွင် နေထိုင်ကြသူများအနေဖြင့် (Call Center) ဖုန်း ၀၉-၇၇၁ဝဝ၂၇၂၂ (လိုင်းခွဲ- ၁၀ လိုင်း)၊ ဝ၁-၄၇ဝ၆၇၂၂ (လိုင်းခွဲ-၁၀ လိုင်း) သို့ ဆက်သွယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပို့ဆောင်ခကို ဝယ်သူဘက်မှ ပေးချေရမှာဖြစ်ပြီး စည်ပင်နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ နယ်မှာ၂,၀၀၀ ကျပ်၊ စည်ပင်နိမိတ် အပြင်ဘက် ၂,၅၀၀ ကျပ်ထက် မပိုတဲ့ဈေးနူန်းနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ (NVS 003)

05 Sep

ADVERTISE HERE .