“တိုင်းရင်းဆေးဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်”

05 Sep

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က ကကွမ်ရှီးဒေသ၊ နန်နင်းမြို့မှာ ပြုလုပ်တဲ့“တိုင်းရင်းဆေးဆိုင်ရာ စည်းမျဉ်းနှင့် စံနှုန်းများသတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို တတ်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်မှာ ပြုလုပ်ခဲ့ပြီး တရုတ်အမျိုးသားဆေးဝါးကွပ်ကဲမှုအဖွဲ့၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. He Li၊ ကွမ်ရှီးဒေသ အစိုးရရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Cai Zhenjun၊ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆေးဝါးကွပ်ကဲမှု ဗျူရိုမှ ညွှန်ကြားရေးမှူး Dr. Peng Cheong Choi၊ ကွမ်ရှီးဒေသဆေးဝါး ကွပ်ကဲမှုအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Wei Guanghui နှင့် နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနမှ ကိုယ်စားလှယ် ၂ ဦး ပါဝင်တက်ရောက်လျက်ရှိပြီး အာဆီယံနှင့် တရုတ်နိုင်ငံတို့ရဲ့ တိုင်းရင်းဆေးကွပ်ကဲမှုဆိုင်ရာ မူဝါဒများ၊ ဆေးဖက် ဝင်အပင်များကို သုတေသနပြုမှုနှင့် အရည်အသွေး ထိန်းချုပ်မှု၊ နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေရှိမှု စသည်တို့ကို ဆွေးနွေးဖလှယ်မှုများ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

05 Sep

ADVERTISE HERE .