"Mekong Creative Film Festival ကျင်းပမည်"

05 Sep

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ရဲ့ ဦးဆောင်မှုနဲ့ Mekong Creative Film Festival ကို လာမယ့် အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။ အဲဒီရုပ်ရှင်ပွဲတော်မှာ ရိုးရာအားကစားနဲ့အစားအစာတွေအကြောင်း ရုပ်ရှင်ဖန်တီးမှုဆိုင်ရာနဲ့ ပတ်သက်ပြီး “မှတ်တမ်းရုပ်ရှင် ဖန်တီးသူ လူငယ်များပျိုးထောင်ခြင်း" အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လိုတဲ့ လူငယ်တွေအနေနဲ့ စက်တင်ဘာလ ၁၅ ရက် နောက်ဆုံး ထားပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်ကနေ ၂၅နှစ်အတွင်းရှိသူ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ အင်္ဂလိပ်ဘာသာစကားနဲ့တင်ပြ ဆွေးနွေးနိုင်သူ၊ ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်၊ MTV ၊ TVC၊ မှတ်တမ်းရုပ်ရှင် အစရှိတဲ့ ရုပ်ရှင်ဖန်တီးမှု အတွေ့အကြုံရှိပြီး ဖန်တီးခဲ့တဲ့အတွေ့အကြုံနဲ့ အနုပညာလက်ရာကို တင်ပြနိုင်သူ လူငယ်တွေအနေနဲ့ ဘယ်သူမဆို လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ လူငယ် ရုပ်ရှင်ဖန်တီးသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုတာပဲဖြစ်ဖြစ် လျှောက်ထားလိုတာ ပဲဖြစ်ဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ (NVS 003)

05 Sep

ADVERTISE HERE .