ကုန်စျေးနှုန်းသတင်း ၄.၉.၂၀၂၄
04 Sepစက်တင်ဘာလ ၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကြက်သွန်နီဈေးတွေ အနည်းငယ် ကျဆင်းလာပေမယ့် ပြောင်းဆန်နဲ့ ပဲအများစုဈေးတွေကတော့ ဈေးငြိမ် နေပါတယ်။ ထန်းလျက်နဲ့ မန်ကျည်းသီးဈေးတွေ အနည်းငယ် တက်နေသလို အာလူးဈေးလည်း အနည်းငယ် တက်လာ ပါတယ်။ ကြက်သွန်ဖြူနဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၃၁,၄၆၄ ကျပ်၊ မတ်ပဲ (FQ/RC) တစ်တင်းကို ၁၃၃,၄၂၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၇၇၅ကျပ်ကနေ ၆,၈၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၆၇,၁၄၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၂၆၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၁၆၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၂၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုတ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၁၆၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၁၈,၃၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ မှ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၇၂၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၄၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၆၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၄၀ ကျပ်၊ မန္တလေးမှာ ၃,၃၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၅၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၅ ကျပ်၊ မန္တလေးမှာ ၃,၃၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၅၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၀၂၆,၇၄၂/-) ငါးဆယ် နှစ်သောင်း ခြောက်ထောင် ခုနစ်ရာ လေးဆယ် နှစ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၂၅၀,၀၀၀ိ/-) ခုနစ်ဆယ် နှစ်သိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။