“ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ မြန်မာအမျိုးသားအသင်း”

04 Sep

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၇)ကြိမ်မြောက်ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအမျိုးသား အသင်းက လာအိုအသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်မှာ ဂျပန်အသင်းကို ၂ ပွဲပြတ်အနိုင်ရလဒ်၊ ကမ္ဘောဒီးယားအသင်းကို ၂ ပွဲပြတ်အနိုင်ရလဒ်ရရှိခဲ့ပေမယ့် ထိုင်းအသင်းကို ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုဒုတိယနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာ Group-A မှာ အုပ်စုပထမရရှိတဲ့ လာအိုအသင်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး မြန်မာအသင်းက ၂ ပွဲပြတ်နဲ့အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ Mixed Quadrant Event အုပ်စုပွဲစဉ်များမှာ (ဂျပန်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း) တို့နှင့်အတူ Group-B တွင် အုပ်စုတစ်ခုတည်း ကျရောက်ခဲ့တာဖြစ်တာဖြစ်ပါတယ်။ (NVS 008)

04 Sep

ADVERTISE HERE .